×
ရွက်ပြန့် "ပေါင်းသတ်ဆေး" ခေး
Khay ခေး ၂၅% SL
Active Ingredient : Fomesafen 25 % SL
ပေါင်းသတ်ဆေးအလုပ်လုပ်ပုံ : ဆေးဖျန်းထားသည့်ပေါင်းပင်၏အရွက်မှစုပ်ယူကာအပင်တွင်းသို့
လျှင်မြန်စွာရောက်ရှိသွားသည်။အပင်၏ xylem အတွင်းသို့ရောက်ရှိိ
သွားသည်။ ( ၁ - ၃ ) ရက်အတွင်းအခြောက်ခံထားသလိုဖြစ်ကာပေါင်း
ပင်များသေဆုံးသွားသည်။တစ်နှစ်ခံရွက်ပြားပေါင်းများ ( Broad leaf
weeds ) ကိုသေဆုံးစေပါသည်။
ပေါင်းသတ်ဆေးအာနိသင် : ခေးပေါင်းသတ်ဆေးသည်ထိသေအာနိသင်ရှိပါသည်။သို့ဖြစ်ပါ၍ဆေးပက်
ဖျန်းရာတွင်ပေါင်းပင်များအားလုံးကိုနှံ့စပ်အောင်ပက်ဖျန်းပေးရန်လိုပါသည်။
ဆေးနှင့်ထိတွေ့သောရွက်ပြန့်ပေါင်းများကိုလျှင်မြန်စွာသေဆုံးစေသည်။၊
အသုံးပြုသီးနှံ : မတ်ပဲ ပဲတီစိမ်း ပဲပုပ် စိုက်ခင်းများတွင်ပေါက်ရောက်နေသည့်"ရွက်ပြန့်ပေါင်း"များကို
ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။စိုက်ပျိုးသောသီးနှံခင်းများအတွက်
အန္ဂာရာယ်မရှိချေ။သီးနှံပင်များကိုလောင်ကျွမ်းခြင်းမရှိဘဲရွက်ပြန့်ပေါင်း
များကိုသာသေဆုံးစေသည်။
အသုံးပြုပုံ : မတ်ပဲ၊ ပဲတီစိမ်း၊ပဲပုပ် သီးနှံများစိုက်ပျိုးပြီးပဲပင်၏ရွက်စစ် (True leaf ) ၊
( ၂ - ၃ ) ရွက်ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။သို့မဟုတ်ရွက်ပြန့်ပေါင်းများ
(၂ - ၄ ) ရွက်ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။သီးနှံပင်များစိုက်ပျိုးပြီး
( ၁၄ - ၂၈ ) ရက်အတွင်းအသုံးပြုရန်ဖြစ်ပါသည်။ဆေးပက်ရာတွင်ပေါင်းပင်
များကိုဆေးစက်များထိရောက်ရန်လိုအပ်ပါသည်။
အားသာချက် : ဆေးဖျန်းပြီး ( ၄ - ၆ ) နာရီအတွင်းမိုးရွာသော်လည်းဆေးအာနိသင်မလျော့ပါ။
ပဲပုပ်သီးနှံများတွင် ( Post emergence ) အဖြစ်အသုံးပြုနိုင်ပါသည်။
ပေါင်းသတ်ဆေးအာနိသင်သည်ပေါင်းပင်များအတွင်းလျှင်မြန်စွာရောက်ရှိကာ
သေဆုံးမှုမြန်ဆန်ပါသည်။
ဆေးနှုန်းထား : ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ခေးပေါင်းသတ်ဆေးရည်
( ၆၀ - ၈၀ ) စီစီထည့်သွင်းကာတစ်ပင်လုံးနှံ့စပ်အောင်ပက်ဖျန်းပါ။
သတိပြုရန်အချက်များ : ပေါင်းသတ်ဆေးများကိုပက်ဖျန်းရာတွင်အသုံးမပြုမှီဆေးညွန်းကိုသေချာစွာ
ဖတ်ရှုပြီးမှအညွှန်းတွင်ဖော်ပြထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရန်လို
အပ်ပါသည်။