ပဲမျိုးနွယ်ဝင်သီးနှံများတွင်ဖျက်ဆီးမှုဆိုးဝါးစွာကျရောက်တဲ့ဖျက်ပိုးကတော့ ပဲသီးတောင့်ထိုးပိုး(Bean Pod Borer)ဘဲဖြစ်ပါတယ်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့်နေရာတိုင်းတွင်ကျရောက်လေ့ရှိပါသည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင်ကျရောက်ကာဖျက်ဆီးကြသဖြင့် ပဲထွက်ရှိမှုရာခိုင်နှုန်းအတော်များများဆုံးရှုံးကြသည်။ ပဲမျိုးနွယ်ဝင်အပင်များသည်ဤဖျက်ပိုးများခိုအောင်းရာလက္ခံပင်များဖြစ်ကြသဖြင့် စနစ်တကျကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်။
ပဲသီးစားပိုးများသည် ပဲမျိုးရင်းဝင်သီးနှံများသာမကအခြားသောသီးနှံမျိုးစုံများတွင်လည်း ကျရောက်ဖျက်ဆီးသည့်အစုံစားဖျက်ပိုးများဖြစ်ကြသည်။ စိုက်ပျိုးသီးနှံပင်များကို အပင်ပေါက်ပြီးကြီးထွားနေဆဲအဆင့်မှစကာသီးတောင့်များရင့်မှည့်သည်အထိ ဆိုးဝါးစွာကျရောက်ဖျက်ဆီးကြသဖြင့်စိုက်ပျိုးသူများအထူးသတိထားရမည့်ဖျက်ပိုးဖြစ်ပါသည်။ သီးနှံမျိုးစုံကိုစားသောက်ဖျက်ဆီးယုံမက ဇတ်တူဇတ်သားကိုပါစားသောက်သည့်သားစားတိရိစ္ဆာန်များပင်ဖြစ်ပါသည်။
ပိုးမမည်အကောင်ငယ်နှင့်အကောင်ကြီးတို့သည် အရွက်အောက်မျက်နှာပြင်တွင် နေထိုင်ကြသည်။ သီးနှံပင်၏ နုနယ်သောအပိုင်းမှပင်ရည်ကိုစုပ်ယူစားသောက်ကြသည်။ အရွက်နှခမ်းသားများသည် ဖြုတ်ပိုးများကြောင့် လိပ်လာသည်။ ထို့ပြင်အရွက်များသည် အရောင်အားဖြင့်အနီရောင်(သို့)အညိုရောင်သို့ပြောင်းသွားသည်။ နောက်ဆုံးတွင်အရွက်များသည်ခြောက်ပြီးကြွေကျသွားပါသည်။ ပင်ရည်ကိုစုပ်စားသဖြင့်ထိခိုက်ဆုံးရှူံးပျက်စီးမှုနည်းသော်လည်းနှမ်းဖိုရောဂါကိုဖြစ်ပွားစေသည့်သက်ရှိကိုသယ်ဆောင်သဖြင့် ဖြုတ်ညိုပိုးများကိုအထူးဂရုစိုက်ကာနှိမ်နင်းရန်လိုအပ်ပါသည်၊
မိုးဉီးကျနှမ်းစတင်စိုက်ပျိုးသည်မှရိတ်သိမ်းချိန်အထိကျရောက်ပါသည်။ နှမ်းပင်သက်တမ်းတလျှောက်ဆိုးဝါးစွာဖျက်ဆီးလေ့ရှိပါသည်။ အရွက်များပေါ်တွင်ဖလံအမသည်ဉများကိုတစ်လုံးခြင်းဉလေ့ရှိပါသည်၊ ဉမှပေါက်လာသောလောက်ကောင်များသည်နှမ်းပင်၏အရွက်များကို စားသောက်ကာဖျက်ဆီးကြသည်၊ နှမ်းပင်၏အညွန့်အဖူးများကိုလည်းစားသောက်ဖျက်ဆီးကြသည်။
အာဖရိကရှိအီသီယိုပီးယားနိုင်ငံသည် နှမ်း၏မူရင်းဒေသဖြစ်ကြောင်းကိုအများစုကလက်ခံထားကြပါသည်၊ သို့သော်အချိန်စောစောကပင်၎င်းနိုင်ငံမှတဆင့်အာရှတိုက်အနောက်ပိုင်းကိုဖြတ်၍၊ အိန်္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံများသို့ပြန့်နှံ့သွားကြသည်ဟုစာပေများတွင်ဖေါ်ပြထားသည်ကိုဖတ်ရှုမှတ်သားရပါသည်။
ပဲမျိုးစုံမှဲ့ပျောက်စွန်းရောဂါသည်မှိုကြောင့်ဖြစ်စေသည့်ရောဂါဖြစ်ပါသည်။ အခြားသောနည်းလမ်းများထက်မျိုးစေ့မှတဆင့်ကူးစက်စေသည့်မျိုးစေ့ ဆောင်ရောဂါဖြစ်ပါသည်။ပဲသီးနှံများတွင်သာမကအခြားသောဟင်းသီး ဟင်းရွက်နှင့်သီးနှံများတွင်လည်းကျရောက်ပါသည်၊ဤရောဂါကျရောက်သဖြင့် အပူပိုင်းဒေသရှိပဲစိုက်ခင်းများတွင်အထွက်နှုန်းများစွာထိခိုက်စေသဖြင့်စီးပွား ရေးအရနစ်နာစေပါသည်။ပဲမျိုးစုံသီးနှံအများစုသည်ရောဂါဖြစ်ပွားစေသည့် လက်ခံပင်များပင်ဖြစ်ကြသည်။
စိုက်ပျိုးသီးနှံတော်တော်များများတွင်ကျရောက်တတ်သောရောဂါဖြစ်သည်။ Erysiphaceae မျိုးရင်းတွင်ပါဝင်ကာကျရောက်ပါကစီးပွားရေးဆုံးရှံးစေနိုင် သည်။သီးနှံအထွက်နှုန်းကျဆင်းစေယုံမက၊သီးစားသီးနှံများတွင်အရည်အသွေး ညံ့ဖျင်းစေသည်။အချိန်တိုအတွင်းတပင်လုံးသို့ပြန့်နှံကာရောဂါဖြစ်ပွားစေသဖြင့် အလေးထားကာနှိမ်နင်းသွားရန်အထူးလိုအပ်ပါသည်။
ကြက်သွန်နီသည်အမိမြန်မာနိုင်ငံတွင်စားဖိုချောင်သီးနှံအဖြစ်အများဆုံးအသုံး ကြသည့်သီးနှံဖြစ်ပါသည်။စားသုံးရန်အတွက်နည်းလမ်းအမျိုးမျိုးဖြင့်ချက်ပြုတ် ကျော်လှော်ကာအသုံးပြုကြသည်။ထို့အပြင်ကြက်သွန်နီအားနေ့စဉ်စားသုံးခြင်း ဖြင့်ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ပြည်တွင်းစားသုံး၍ ပိုလျှံသည်များကိုပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်တိုင်းပြည်အတွက်နိုင်ငံခြား ငွေရှာဖွေပေးသဖြင့်အထူးအရေးပါသောလယ်ယာထွက်ကုန်ပစ္စည်းဖြစ်ပါသည်။
နိဒါန်း : ပဲမျိုးနွယ်ဝင်သီးနှံများတွင်ဖျက်ဆီးမှုဆိုးဝါးစွာကျရောက်တဲ့ဖျက်ပိုးကတော့ပဲသီးတောင့်ထိုးပိုး (Bean Pod Borer ) ဘဲဖြစ်ပါတယ်။ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့်နေရာတိုင်းတွင်ကျရောက်လေ့ရှိပါသည်။ကမ္ဘာ့နေရာအနှံ့အပြားတွင်ကျရောက်ကာဖျက်ဆီးကြသဖြင့်ပဲထွက်ရှိမှုရာခိုင်နှုန်းအတော်များများဆုံးရှုံးကြသည်။ပဲမျိုးနွယ်ဝင်အပင်များသည်ဤဖျက်ပိုးများခိုအောင်းရာလက္ခံပင်များဖြစ်ကြသဖြင့်စနစ်တကျကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်။
မြန်မာအမည် : ပဲတောင့်ထိုးပိုး
အဂ်လိပ်အမည် : Bean Pod Borer
သိပ္ပံအမည် : Maruca Vitrata
မျိုးစဉ် : Lepidoptera
မျိုးရင်း : Crambidae
လက္ခဏာ နှင့် ဘဝစက်ဝန်း :
အရွယ်ရောက်ပြီးသောဖလံအမသည်ညအခါတွင်သာသွားလာလှုပ်ရှား
ကာနေ့ခင်းတွင်မူပဲပင်များ၏အောက်ရွက်များအောက်တွင်နေထိုင်လေ့
ရှိကြသည်။ဖလံမသည်ဉများကိုပဲပင်၏ပင်စည်များပေါ်တွင်၎င်း၊ပန်းပွင့်
များအဖူးများနှင့်အရွက်များပေါ်တွင်လည်းအုကြသည်။ဉများကိုမူတစ်လုံးစီ
အုလေ့ရှိသည်။ဉများသည်အရောင်အားဖြင့်နို့နှစ်ရောင်ရှိကာဖြူဝင်နေသည်။
ဉမှပေါက်လာသောလောက်ကောင်သည်ပန်းပွင့်များပေါ်တွင်
(၇) ရက်ခန့်ကြာအောင်စားသောက်နေထိုင်ပြီးဆက်လက်ကာပဲသီးတောင့်များ
အတွင်းထိုးဖောက်ဝင်ရောက်ကာပဲစေ့များကိုစားသောက်ကြပြန်သည်။ပဲတောင့်
များကိုခွဲကြည့်ပါက၎င်းတို့ဝင်ရောက်သည့်အပေါက်များကိုတွေ့ယုံမကအသီးများထဲတွင်လည်းလောက်ကောင်များကိုတွေ့ရှိရသည်။ယင်းတို့၏အညစ်အ
ကြေးများကိုပါတွေ့ရှိရသည်။
လောက်ကောင်များသည်အဖူး၊အပွင့်၊အရွက်များကိုစားသောက်ဖျက်ဆီးယုံမက
၎င်းတို့၏ပါးစပ်မှထုတ်လုပ်သောပိုးချည်မျှင်များဖြင့်လုံးထွေးရစ်ပတ်ကာဖျက်ဆီးစားသောက်ကြသည်။လောက်ကောင််များ၏ဖျက်ဆီးစားသောက်မှုမြန်ဆန်
ကာတဖြေးဖြေးအကောင်ကြီးအဆင့်သို့ရောက်ရှိလာကြသည်။အကောင်ကြီးများသည် အရောင်အားဖြင့်နို့နစ်ရောင်ရှိကာကျောပေါ်တွင်အနက်စက်အ
ပျောက်နှစ်တန်းပါရှိကြသည်။အတောင့်ထဲသို့မဝင်ရောက်မှီအကောက်ကြီး
များသည်အရွယ်အစားအားဖြင့်( 18 ) mm ခန့်ရှိသည်။ရုပ်ဖုံးဘဝကိုမြေဆီ
လွှာထဲတွင်ခိုအောင်းကာပြုလုပ်ကြယုံမကချည်မျှင်များနှင့်လုံးထွေးနေသည့်
အပွင့်အညွန့်အဖူးထဲအပွင့်များတွင်လည်းပြုလုပ်ကြသည်။အသီးတောင့်ထဲ
တွင်လည်းပြုလုပ်ကြလေ့ရှိသည်။
အကျိုးသက်ရောက်မှုများ :
ပဲသီးတောင့်ထိုးပိုးသည်ပဲမျိုးရင်ဝင်သီးနှံများတွင်အဓိကကျရောက်ဖျက်ဆီး
သည့်ဖျက်ပိုးဖြစ်ပါသည်။ဉမှပေါက်လာသည့်လောက်ကောင်များသည်ဖျက်
ဆီးမှုများပြားသည်။အဖူးအပွင့်များနှင့်အရွက်များကိုစားသောက်ဖျက်ဆီးယုံ
မကပဲသီးတောင့်များအတွင်းသို့လည်းထိုးဖောက်ဝင်ရောက်ကာအစေ့များကို
စားသောက်ကြသည်။ထို့ပြင်၎င်းတို့ဖျက်ဆီးစားသောက်ထားသည့်အပင်အစိတ်
အပိုင်းများကိုပါချည်မျှင်များဖြင့်လုံးထွေးရစ်ပတ်ထားသဖြင့်ဆုံးရှုံးပျက်စီးမှု
များပြားပါသည်။ဖျက်ပိုးများကျရောက်မှုနည်းပါးစေရန်အတွက်စနစ်ကျစွာ
ကာကွယ်နှိမ်နင်းသွားရန်လိုအပ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းစနစ်များ :
၁။ လောက်ကောင်များကိုစားသောက်သည့် သဘာဝရန်သူ (Natural enemies) များကိုစိုက်ခင်းအတွင်းသို့လွှတ်ပေးပါ။
၂။ Cultural Control
၃။ ဓာတုဗေဒပိုးသတ်ဆေးများအသုံးပြုခြင်း ပိုးသတ်ဆေးများအားအသုံးပြုရာတွင် ပဲစိုက်ခင်းများတွင်အကျိုးပြုနေသည့် အကျိုးပြုပိုးများ( Beneficial Insects ) ဖြစ်သည့် ပန်းဝတ်မှုံကူးအင်းဆက်များ (Pollinators )၊ သဘာဝရန်သူများ (Natural ememies ) နှင့်ပိုးဉများ၊လောက် ကောင်များကိုစားသောက်သည့်သားရဲကောင်များ ( Predators ) ကိုသေဆုံးမှု မဖြစ်စေသည့် ဆေးများကို အသုံးပြုရန် လိုအပ်ပါသည်။
၄။ စိုက်ခင်းအတွင်း၌သီးတောင့်ထိုးပိုးကျရောက်ဖျက်ဆီးနေသည့် အစိတ်အပိုင်းများ၊ လောက်ကောင်များတွေ့ရှိပါကကောက်ယူဖျက်ဆီးပြစ်ပါ။
၅။ ပိုသတ်ဆေးအုပ်စုမတူညီသည့်ပိုးသတ်ဆေးဖြစ်သည့် ဘလော့ 5 % SGနှင့် ကိုလန်း 247 SC တို့အားအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။
နိဒါန်း : ပဲသီးစားပိုးများသည်ပဲမျိုးရင်းဝင်သီးနှံများသာမကအခြားသောသီးနှံမျိုးစုံ များတွင်လည်းကျရောက်ဖျက်ဆီးသည့်အစုံစားဖျက်ပိုးများဖြစ်ကြသည်။ စိုက်ပျိုးသီးနှံပင်များကိုအပင်ပေါက်ပြီးကြီးထွားနေဆဲအဆင့်မှစကာသီး တောင့်များရင့်မှည့်သည်အထိဆိုးဝါးစွာကျရောက်ဖျက်ဆီးကြသဖြင့်စိုက် ပျိုးသူများအထူးသတိထားရမည့်ဖျက်ပိုးဖြစ်ပါသည်။သီးနှံမျိုးစုံကိုစားသောက် ဖျက်ဆီးယုံမကဇတ်တူဇတ်သားကိုပါစားသောက်သည့်သားစားတိရိစ္ဆာန်များ ပင်ဖြစ်ပါသည်။
မြန်မာအမည် : ပဲသီးစားပိုး
အဂ်လိပ်အမည် : Pod borer / American boll worm
သိပ္ပံအမည် : Helicoverpa armigera
မျိုးစဉ် : Lepidoptera
မျိုးရင်း : Noctuidae
ဘဝစက်ဝန်း :
အရွယ်ရောက်ပြီးသောဖလံအမသည်ပဲသီးနှံပင်၏လက္ခံပင်အစိတ်အပိုင်းများ
ပေါ်တွင်ဉများကိုအုကြသည်၊အရွက်အပွင့်အဖူးများ၏မျက်နှာပြင်များပေါ်တွင်
ဉများကိုအုကြသည်။ဖလံအမတစ်ကောင်သည်ဉများစွာကိုအုလေ့ရှိကြပါသည်။
ပိုးဉများသည်လုံးဝိုင်းသောပုံစံရှိကာမျက်နှာပြင်သည်အမြေှာင်းမြေှာင်းဖော်ထား
သကဲ့သို့ဖြစ်နေသည်။ ဉမှ ( ၄ ) ရက်ခန့်ကြာပါကလောက်ကောင်ငယ်လေးများ
ပေါက်ဖွားလာသည်။အုမှပေါက်ခါစတွင်အဖြူရောင်ဖြစ်ကာနောက်ပိုင်းအစိမ်း
ရောင်သို့ပြောင်းသွားသည်။လောက်ကောင်ငယ်ဘဝမှစကာသီးနှံများအားဖျက်
ဆီးကြကာအကောင်ကြီးရောက်သည်အထိအဆင့်(၆) ဆင့်ကိုကျော်ဖြတ်သန်း
ကြသည်၊ပိုးလောက်ကောင်အဆင့်တိုင်းတွင်သီးနှံပင်ဆက်တိုက်ဖျက်ဆီးစား
သောက်ကြသည်။
အကောင်ကြီးများသည်အရောင်အမျိုးမျိုးရှိကြကာအစိမ်းရောင်၊အဝါရောင်၊
နီညိုရောင်တို့ဖြစ်ကြသည်။ဉီးခေါင်းသည်အဝါရောင်ဖြစ်ကာအပျောက်အစက်
များပါရှိသည်။အနက်ရောင်အစင်းများပါရှိကာခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်
တွင်အဝါရောင်အစင်းများပါရှိသည်။လောက်ကောင်များ၏ထူးခြားချက်မှာသွက်
လက်မြန်ဆန်ကာထိခိုက်မှုတစုံတရာဖြစ်ပေါ်ပါက၎င်းတို့၏ခန္ဓာကိုယ်အားကွေး
ညွှတ်ကာမြေပြင်ပေါ်သို့ခုန်ချ လေ့ရှိပါသည်။
ဉမှပေါက်လာသောလောက်ကောင်များသည်အကောင်ကြီးအဆင့်သို့ရောက်ရန်
လောက်ကောင်ငယ်ဘဝမှစကာအဆင့် ( ၆ ) ဆင့်အားဖြတ်သန်းပြီးမအကောင်
ကြီးအဆင့်သို့ရောက်ပါသည်။လောက်ကောင်အဆင့်တိုင်းတွင်သီးနှံပင်ကိုဖျက်
ဆီးကြသည်။ဉဘဝ ( ၄ ) ရက်၊ လောက်ကောင်ဘဝ ( ၂ - ၃ )ပါတ်၊ ရုပ်ဖုံးဘဝ
( ၁ ) ပါတ်၊အကောင်ကြီးဖလံဘဝတွင် ( ၁ ) ပါတ်ခန့်ကြာမြင့်ပါသည်။ဉဘဝမှ
စကာဖလံဘဝရောက်သည်အထိ ( ၄ - ၅ ) ပါတ်ခန့်ကြာပါသည်။
လက္ခံပင်များ :
ပဲမျိုးစုံသီးနှံပင်များသာမက၊ခရမ်းချဉ်၊ဝါ၊ကုလားပဲ၊ပဲစဉ်းငုံ၊စပါး၊ရုံပတီ၊ပြောင်း၊
ပဲပုပ်၊မြေပဲ၊စားတော်ပဲ၊ဆေးရွက်ကြီး၊အာလူး၊ပြောင်းဖူးသီးနှံတို့တွင်လည်းကျ
ရောက်ဖျက်ဆီးသည့်အစုံစားသတ္တဝါများဖြစ်ကြသည်။
ဖျက်ဆီးမှုလက္ခဏာ :
ကျရောက်သီးနှံပင်းများတွင်ရွက်ကြောများသာကျန်သည်အထိဆိုးဝါးစွာဖျက်
ဆီးစားသောက်ကြသည်။နိုဝင်ဘာလမှစကာမတ်လအထိအစေ့အဆန်များကို
ဖျက်ဆီးကြသည်။ဉမှပေါက်လာသောလောက်ကောင်များသည်အပင်ပေါက်ငယ်
များ၏အရွက်များကိုစားသောက်ကြသည်။အရွက်များတွင်ဆန်ကာပေါက်ကျန်
သည်အထိဖျက်ဆီးကြသည်။ထို့ပြင်အပင်များကြီးထွားနေဆဲကာလများ၌၊အဖူး
အပွင့်အသီးများကိုဆက်လက်စားသောက်ကြသည်။လောက်ကောင်များသည်
တဖြေးဖြေးနှင့်ကြီးထွားလာကာအသီးများစတင်သီးလာသည်နှင့်အသီးတောင့်
များအားဖျက်ဆီးကြသည်။ထူးခြားချက်မှာအသီးတောင့်များအတွင်းသို့ဝင်
ရောက်စားသောက်ရာတွင်ဉိးခေါင်းနှင့်ခန္ဓာကိုယ်တစ်ဝက်မှာအသီးတောင့်အ
တွင်း၌ရှိကာ၊ကျန်အပိုင်းမှာအသီးတောင့်၏အပြင်ဘက်တွင်တည်ရှိနေသည်။
အသီးတောင့်များ၊အဖူးအပွင့်များ၊အရွက်များ၊အပွင့်များပဲ့နေခြင်း၊ပြတ်နေခြင်း
များကိုတွေ့နိုင်ပါသည်။ကုလားပဲသီးနှံတွင်မူအသီးတောင့်အတွင်း၌၊လောက်
ကောင််များသည်ခွေနေကာအစေ့များကိုစားသောက်ဖျက်ဆီးကြသည်။
ကာကွယ်နှိမ်နင်းနည်းစနစ်များ :
၁။ စိုက်ပျိုးမည့်မြေကွက်များအတွင်းရှိအမှိုက်သရိုက်ပေါင်းများကိုရှင်းပါ။
၂။ ပိုးဖျက်ဆီးထားသည့်အသီးတောင့်များကိုဖယ်ရှားပါ။
၃။ ပဲမျိုးစုံသီးနှံအတွင်းပြောင်းဖူးပင်များကိုထည့်၍စိုက်ပျိုးပါ။
၄။ အပင်ပေါ်ရှိဉများ၊ပိုးလောက်ကောင်များကိုဖယ်ရှားပါ။
၅။ ပိုးလောက်ကောင်များစားသောက်သည့်နံနက်စောစောနှင့်ညနေပိုင်းတွင်သာပိုးသတ်ဆေးပက်ဖျန်းပါ။
၆။ ထိသေ၊စားသေပိုးသတ်ဆေးများဖြင့်ကာကွယ်နှိမ်နင်းပါ။ (အကျိုးပြုပိုးများမသေဆုံးစေရန်သတိထားပြီးပိုးသတ်ဆေးကိုရွေးချယ်အသုံးပြုပါ။)
၇။ ကိုလန်း ၂၄၇ အက်စီ နှင့် ဘလော့ ၅ ရာခိုင်နှုန်း အက်စ်ဂျီ တို့အားအသုံးပြု၍ကာကွယ်နှိမ်နင်းပါ။
မြန်မာအမည် : နှမ်းဖြုတ်ညို
အဂ်လိပ်အမည် : Sesame Brown Leaf Hopper
သိပ္ပံအမည် : Orosius albicinctus
မျိုးစဉ် : Hemiptera
မျိုးရင်း : Cicadellidae
ဖျက်ဆီးပုံလက္ခဏာ :
ပိုးမမည်အကောင်ငယ်နှင့်အကောင်ကြီးတို့သည်အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ကြသည်။
သီးနှံပင်၏နုနယ်သောအပိုင်းမှပင်ရည်ကိုစုပ်ယူစားသောက်ကြသည်။အရွက်နှခမ်းသားများသည်ဖြုတ်ပိုးများကြောင့်
လိပ်လာသည်။ထို့ပြင်အရွက်များသည်အရောင်အားဖြင့်အနီရောင်(သို့)အညိုရောင်သို့ပြောင်းသွားသည်။နောက်ဆုံးတွင်
အရွက်များသည်ခြောက်ပြီးကြွေကျသွားပါသည်။ပင်ရည်ကိုစုပ်စားသဖြင့်ထိခိုက်ဆုံးရှူံးပျက်စီးမှုနည်းသော်လည်း
နှမ်းဖိုရောဂါကိုဖြစ်ပွားစေသည့်သက်ရှိကိုသယ်ဆောင်သဖြင့်ဖြုတ်ညိုပိုးများကိုအထူးဂရုစိုက်ကာနှိမ်နင်းရန်လိုအပ်ပါသည်၊
ဘဝစက်ဝန်း :
ဖြူတ်ပိုအရွယ်ရောက်ကောင်သည်ဉများအား နှမ်းပင်၏ရွက်ညှာထိပ်နှင့်ရွက်ကြောများအကြားတွင်
ဉများကိုအုလေ့ရှိကြပါသည်။ဉမှပေါက်လာသောပိုးမမည်များသည်အရွက်မှသစ်ရည်ကိုစုပ်စားကြသည်။ပိုးဉဘဝတွင်
(၇ ရက်မှ ၈ ရက်ထိ ) ပိုးကောင်ငယ်ဘဝတွင် ( ၁၀ ရက်မှ ၁၃ ရက်ခန့်) ၊ အကောင်ကြီးဘဝတွင်မူ ( ၇ ရက်မှ ၁၄ ) ရက်
ခန့်ထိ ကြာမြင့်ပါသည်။
အလေ့အထ :
နှမ်းပင်၏သက်တမ်းတလျှောက်တွင်ကျရောက်ဖျက်ဆီးကြသည်။နှမ်းပင်ကြီးထွားချိန်မှစကာ
နှမ်းသီးရှဉ်းများတွင်အစေ့ထည့်ကာ၊အသီးများဖြစ်ချိန်ထိကျရောက်လေ့ရှိပါသည်။မိုးစိုက်နှမ်းများတွင်မေလ၊
ဇွန်လများတွင်ကျရောက်မှုအများဆုံးဖြစ်ပါသည်။နှမ်းဖိုရောဂါဖြစ်စေသည့်သက်ရှိကိုသယ်ဆောင်သော၊အပင်စား
ဖျက်ပိုးများဖြစ်ကြပါသည်။
ပိုးမွှားကင်းထောက်ကောက်ယူခြင်း :
ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူ၍ ၊အပင်တစ်ပင်တွင်အကောင် ( ၃-၄) ကောင်အနည်းဆုံး
တွေ့ရပါကထိရောက်သောပိုးသတ်ဆေးဖြစ်သည့်ဘစ်ရိုး ၂၀၀ အက်စီကိုအသုံးပြု၍ကာကွယ်နှိမ်နင်းပေးပါ။
အပင်တစ်ပင်တွင်ဖြုတ်တစ်ကောင်တွေ့ရပါကနှမ်းဖိုရောဂါဖြစ်ပွားမှု(၂၉ ) ရာခိုင်နှုန်း ထိဖြစ်စေနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ :
၁။ နှမ်းဖိုရောဂါကျရောက်ခဲ့သောအကွက်အနီးအနားတွင်မစိုက်ပျိုးပါနှင့်။
၂။ စိုက်ခင်းအတွင်းနှင့်အနီးနားရှိပေါင်းမြက်များကိုရှင်းလင်းထားပါ။
၃။ ရောဂါဖြစ်ပွားပါက နှမ်းသီးနှံ့ကိုဆက်တိုက်မစိုက်ဘဲအခြားသီးနှံဖြင့်သီးလှည့်စိုက်ပျိုးပါ။
၄။ နှမ်းမျိူးစေ့များကိုမစိုက်ပျိုးမှီဆေးလူးနယ်စိုက်ပျိုးပါ၊ (စူပါရာမီ ၁၀ ရာခိုင်နှုန်း ရှိ ဆေး (၅၀) ဂရမ်အားမျိုးစေ့ (၁၀၀) ဂရမ်ဖြင့်လူးနယ်စိုက်ပျိုးပါ။)
၅။ ဖြုတ်ညိုပိုးများအား ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းတွင် ဆေးရည် ( ၁၅ - ၂၀ ) စီစီထည့်ကာစနစ်တကျပက်ဖျန်းပါ။
မြန်မာအမည် : နှမ်းဖလံ / နှမ်းရွက်စားပိုး
အဂ်လိပ်အမည် : Death Head Moth
သိပ္ပံအမည် : Acherontia styx
မျိုးစဉ် : Lepidoptera
မျိုးရင်း : Sphingidae
ကျရောက်သည့်အချိန် :
မိုးဉီးကျနှမ်းစတင်စိုက်ပျိုးသည်မှရိတ်သိမ်းချိန်အထိကျရောက်ပါသည်။နှမ်းပင်သက်တမ်းတလျှောက်ဆိုးဝါးစွာဖျက်ဆီးလေ့ရှိပါသည်။
ဖျက်ဆီးပုံ :
အရွက်များပေါ်တွင်ဖလံအမသည်ဉများကိုတစ်လုံးခြင်းဉလေ့ရှိပါသည်၊ ဉမှပေါက်လာသောလောက်ကောင်များသည် နှမ်းပင်၏အရွက်များကိုစားသောက်ကာဖျက်ဆီးကြသည်၊ နှမ်းပင်၏အညွန့်အဖူးများကိုလည်းစားသောက်ဖျက်ဆီးကြသည်။
လက္ခဏာ :
နှမ်းပင်တွင်အရွက်များ၊အညွန့်များကိုစားသောက်ဖျက်ဆီးထားသည်ကိုတွေ့မြင်နိုင်ပါသည်။ဖျက်ဆီးမှုပြင်းထန်ပါကရိုးတံများသာ
ကျန်တော့သည်ထိပြင်းထန်ပါသည်။ဉမှပေါက်လာသောလောက်ကောင်သည်ကြီးမားသဖြင့်အလွယ်တကူသိမြင်လွယ်ပါသည်။
အကောင်ကြီးများသည်မြေသားထဲသို့ထိုးဆင်းကာရုပ်ဖုံးဘဝကိုတည်ဆောက်ကာခိုအောင်းနေနိုင်ကြသည်။ ဉဘဝတွင် ( ၅-၁၀) ရက်၊
ပိုးလောက်ကောင်ဘဝတွင် ( ၁၄- ၂၁ ) ရက်ထိကြာမြင့်တတ်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း :
၁။ နှမ်းပင်တန်း (၉ ) ပေအတွင်းပိုးတုံးလုံးတစ်ကောင်တွေ့ရှိပါကပိုးသတ်ဆေးပက်ဖျန်းပေးရန်လိုပါသည်။
၂။ ဖျက်ပိုးများကိုကွန်ဖူးပိုးသတ်ဆေးအသုံးကပြု၍နှိမ်နင်းနိုင်ပါသည်။ရေ (၁၆) လီတာဆန့်ဆေးဖျန်းပုန်းတွင်ဆေးရည် ( ၂၀-၄၀ ) စီစီထည့်သွင်းကာပက်ဖျန်းကာကွယ်ပါ။
မြန်မာအမည် : နှမ်း
အဂ်လိပ်အမည် : Sesame
သိပ္ပံအမည် : Sesamum indican
မျိုးစဉ် : Lamiales
မျိုးရင်း : Pedaliaceae
မူရင်းဒေသ :
အာဖရိကရှိအီသီယိုပီးယားနိုင်ငံသည်နှမ်း၏မူရင်းဒေသဖြစ်ကြောင်းကို
အများစုကလက်ခံထားကြပါသည်၊သို့သော်အချိန်စောစောကပင်၎င်းနိုင်ငံ
မှတဆင့်အာရှတိုက်အနောက်ပိုင်းကိုဖြတ်၍၊အိန်္ဒိယ၊တရုတ်နှင့်ဂျပန်နိုင်ငံ
များသို့ပြန့်နှံ့သွားကြသည်ဟုစာပေများတွင်ဖေါ်ပြထားသည်ကိုဖတ်ရှုမှတ်သား
ရပါသည်။
နှမ်းမျိုးများ :
နှမ်းသီးနှံတွင်မျိုးကွဲပေါင်းများစွာရှိကြသည်။အစေ့အရွယ်အစား၊ပုံစံ၊
အရောင်အသွေး၊အပွင့်အရောင်နှင့်ဆီပါဝင်မှုစသည်ဖြင့်အမျိုးမျိုးကွဲ
ပြားကြသည်။
အမျိုးအစား :
နှမ်းသီးနှံတွင်အသီးတောင့်များသီးမှုပုံစံအရတစ်ပင်တိုင်မျိုး
နှင့်ကိုင်းဖြာမျိုးဟူ၍ခွဲခြားထားကြပါသည်။ကိုင်းဖြာမျိုးများမှာ
ပင်မပင်စည်မှကိုင်းတက် ၄- ၅ ကိုင်းထွက်ပြီး၊အကိုင်းတိုင်းတွင်
အသီးများသီးသည်။တစ်ပင်တိုင်နှမ်းမျိုးများသည်ပင်စည်တစ်ခုတည်း
သာရှိကာ၊၎င်းပင်စည်တလျှောက်တွင်အသီးများမျက်နှာချင်းဆိုင်သို့မဟုတ်
မျက်နှာလွှဲပုံစံဖြင့်နှမ်းမျိုးကိုလိုက်၍၊အသီးများသီးကြပါသည်။ရွက်ဆိုင်ထွက်
သောနှမ်းမျိုးများတွင်အသီးများသည်မျက်နှာချင်းဆိုင်ထွက်လေ့ရှိကြကာ၊
ရွက်လွှဲထွက်သောနှမ်းမျိုးများတွင်အသီးများသည်မျက်နှာလွှဲပုံစံအသီးများ
သီးကြပါသည်။နှမ်းသီးနှံသည်လင်းတာကြိုက်သီးနှံဖြစ်ကာလင်းတာ၁၀ နာရီရှိပါက၊ပွင့်ရိုးပွင့်စဉ်အတိုင်းအပင်ပေါက်ပြီး၃၅ ရက်မှ၄၅ ရက်အကြာတွင် အပွင့်များပွင့်ကြပါသည်။သို့သောလည်းမျိုးပေါင်းများစွာတို့သည်ဒေသအလိုက်ဖြစ်ပေါ်သောလင်းတာကာလများတွင်ဖြစ်ထွန်းကြပါသည်၊
မြေအမျိုးအစား :
နှမ်းစိုက်ပျိုးရန်အတွက်အသင့်တော်ဆုံးနှင့်အကောင်းဆုံးမြေမှာ
ရေသွင်းရေထုတ်ကောင်းမွန်ပြီး၊မြေသားထုထူကာ၊သမမြေအမျိုးအစား
ပင်ဖြစ်ပါသည်။မြေမရွေးစိုက်ပျိုးနိုင်သော်လည်းရေဝပ်မှုဒါဏ်ကိုမခံရအောင်
အထူးသတိပြုရပါမည်။နုံးမြေ၊သဲနုံးမြေနှင့်မြေစေးတို့တွင်ကောင်းစွာဖြစ်ထွန်း
ပါသည်။သဲမြေ၊ကျောက်စရစ်မြေတို့တွင်စိုက်ပျိုးခြင်းကိုမူလုံးဝရှောင်ကြဉ်
ရပါမည်။
နှမ်းကိုမြေအချဉ်အငံဓါတ်ညွှန်းကိန်းအရ (PH 4.5 - 8.5 )တွင်စိုက်ပျိုးနိုင်
သော်လည်းအကောင်းဆုံးPH မှာ ( 6.2 - 7. 0 ) ပင်ဖြစ်ပါသည်။
စိုက်ချိန်ရာသီ :
နှမ်းစိုက်ပျိုးချိန်ကို အဓိကအားဖြင့် မိုးရာသီတွင်စိုက်ပျိုးသောနှမ်းလျှင်နှင့်
မိုးနှောင်းရာသီတွင်စိုက်ပျိုးကြသောနှမ်းကြီးဟူ၍နှစ်မျိုးခွဲခြားထားပါသည်။
နှမ်းလျှင်မျိုးကိုမေလ၊ဇွန်လတို့တွင်စိုက်ပျိုးကြ၍၊ဇူလိုင်လနှင့်ဩဂုတ်လတို့
တွင်ရိတ်သိမ်းကြရသည်။မိုးနှောင်းနှမ်းမျိုးများကိုစက်တင်ဘာလမှအောက်တို
ဘာလအတွင်းစိုက်ပျိုးကြကာ၊ဇန်နဝါရီလတွင်ရိတ်သိမ်းကြရပါသည်။မိုးကြို
ရေသွင်းနှမ်းမျိုးများအားဖေဖဝါရီလလယ်မှမတ်လကုန်အတွင်းစိုက်ပျိုးကြ
ပါသည်။
စအထွက်ကောင်းမျိုးများ :
နှမ်းသီးအထွက်နှုန်းကောင်းမွန်စေရန်အတွက်အထွက်ကောင်း
မျိုးများအသုံးပြုရန်အရေးကြီးပါသည်။မိမိတို့ဒေသနှင့်ကိုက်ညီသည့်
အထွက်နှုန်းမြင့်မားသည့်မျိုးများအားရွေးချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။
သိပ္ပံနှမ်းနက်မျိုးသည်အထွက်ကောင်းမွန်သည့်အပြင်ရောင်းချရာတွင်လည်း
ဈျေးကောင်းရရှိသဖြင့်တောင်သူများကြိုက်နှစ်သက်သဖြင့်အစိုက်များသော
မျိုးဖြစ်ပါသည်။အဖြူရောင်ရှိသောနှမ်းမျိုးများသည်ပြည်ပဈေးကွက်ဝင်၍စိုက်ပျိုးသင့်သည့်မျိုးများဖြစ်ပါသည်။ဆင်းရတနာ - ၅ နှမ်းမျိုးသည်အပူဒဏ်ကို
ခံနိုင်ရည်ရှိသဖြင့်မိုးကြိုစိုက်ပျိုးရန်သင့်တော်ပါသည်။အရေးကြီးသည့်အချက်မှာ
မိမိတို့ဒေသနှင့်သင့်တော်သည့်အထွက်ကောင်းမျိုးများကိုစနစ်တကျရွေးချယ်
စိုက်ပျိုးရန်ဖြစ်ပါသည်။အရည်အသွေးကောင်းမွန်ပြီးအပင်ပေါက် ၈၀ ရာခိုင်နှုန်း
အထက်ရှိသောမျိုးများကိုအသုံးပြုရန်ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်များ :
အထွက်နှုန်းအမြင့်မားဆုံးရစေရန်အတွက်ဒေသအလိုက် စိုက်ချိန်ကို
နောက်မကျစေဘဲစိုက်ပျိုးရန်လိုအပ်ပါသည်၊တစ်ဧကလျှင်သတ်မှတ်
ထားသောအပင်ဉီးရေကိုဝင်အောင်စိုက်ပျိုးရန်မှာအရေးကြီးသည့်အချက်
တစ်ချက်ဖြစ်ပါသည်။တစ်ပင်တိုင်နှမ်းမျိုးများတွင်တစ်တန်းနှင့်တစ်တန်း
၁၂ လက်မခြား၊တစ်ပင်နှင့်တစ်ပင်ကို ၄ လက်မကွာထားရန်လိုအပ်ပါသည်။
ကိုင်းဖြာမျိုးများတွင်မူ တစ်တန်းနှင့်တစ်တန်း၁၅ လက်မခြား၊တစ်ပင်နှင့်
တစ်ပင် ၄ လက်မခြားကာ စိုက်ပျိုးရန်လိုအပ်ပါသည်။
ပြုစုစောင့်ရှောက်ခြင်း :
ကောင်စွာထွန်ယက်ထားသောစိုက်ပျိုးမည့်မြေကွက်များတွင်
အပင်ပေါက်ရန်လုံလောက်သောအစိုဓါတ်ရရှိချိန်တွင်စိုက်ပျိုးပါ။
၄-၅ ရက်ကြာပါကအပင်ပေါက်လေးများကိုစတင်တွေ့မြင်ရမည်။
နှမ်းပင်များတွင်အရွက် ၄ ရွက်ထွက်ပြီးနောက်တင်အပင်တန်းများကို
ကန့်လန့်ဖြတ်ဖြစ်စေ၊ထောင့်တန်းဖြစ်စေ လေးသွားတပ်ထွန်ဖြင့်မောင်း
ပေးရန်လိုပါသည်။အပင်တန်းများကြားတွင်လည်းမောင်းပေးရန်လိုပါသည်။
အပင်များပိုမိုသန်စွမ်းကာ၊ပေါင်းမြက်များလည်းကင်းဝေးစေမည်ဖြစ်သည်။
အပင်သက်တမ်းတစ်လအတွင်းပေါင်းမြက်များလုံးဝကင်းဝေးရန်လိုအပ်
ပါသည်။အပွင့်ပွင့်စအချိန်နှင့်အပွင့်တိတ်စအချိန်များတွင်လည်းအစိုဓါတ်
လုံလောက်ရန်အရေးကြီးပါသည်။အလင်းရောင်လုံလောက်စွာရရှိခြင်းဖြင့်
နှမ်းစေ့များပါဝင်မှုပိုလာမည်ဖြစ်ပါသည်။အပူချိန်လျှော့နည်းမှုကိုမကြိုက်
ပေ။
သွင်းအားစုများသုံးစွဲခြင်း :
စိုက်ပျိုးမည့်မြေကွက်များကိုထယ်ရေးထွန်ရေးပြုပြင်ချိန်တွင်ဒေသ
အလိုက်ထွက်ရှိသောသဘာဝမြေဆွေးများ၊သို့မဟုတ်နွာချေးများကို
တစ်ဧကလျှင်( ၁ -၃ ) တန်နှုန်းထည့်ပေးနိုင်ပါကပိုကောင်းပါသည်။
ဘက်စ်မြေပြင်အထွက်တိုးဂျစ်ပဆန်မြေဩဇာအမှုန့်( Gypsum
Fertilizer G -24 ) ကိုတစ်ဧကလျှင် ( ၁-၃ ) အိတ်နှုန်းထည့်သွင်းအသုံး
ပြုပါ။ဘက်စ်အရည်အသွေးမြင့်ကွန်ပေါင်းဓါတ်မြေဩဇာ( Best - Guaranteed Nutrients)အားမြေပြင်ချိန်တွင်အနည်းဆုံးတစ်အိပ်နှုန်းထည့်သွင်းအသုံးပြုပေးရန်လိုအပ်ပါသည်။
နှမ်းပင်များသားခွဲပြီးချိန်မှအပွင့်ပွင့်စအချိန်ထိ အပင်ကြီးထွားသန်မာစေရန်နှင့်
အပင်တောင့်တင်းစေရန်အတွက်( ဘက်စ် 30 ;12 ;12 ) ကိုနံနက်ခင်းအချိန်များ
တွင် ( ၇ - ၁၀ ) ရက်ခန့်ခြားကာပက်ဖျန်းပါ၊ အပွင့်ပွင့်ချိန်မှစကာအသီးများပိုမို
များပြားလာစေရန်အတွက်အသီးအထွက်နှုန်းအားပေးဘက်စ်ရွက်ဖျန်းမြေဩဇာ
( 0 : 42 : 42 ) ကိုနှမ်းသီးရှဉ်းများရင့်မှည့်အောင်မြင်သည်အထိပက်ဖျန်း
ပေးရန်လိုအပ်ပါသည်။
ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း :
အပင်ငယ်ရွယ်စဉ်အချိန်မှအပင်ကြီးထိစုပ်စားပိုးများ၊ ရွက်လိပ်ပိုးများကို
ကာကွယ်နှိမ်နင်းရန်အရေးကြီးပါသည်။အထူးသဖြင့်နှမ်းဖိုရောဂါကိုဖြစ်
စေသည့်သက်ရှိကိုသယ်ဆောင်သည့်ဖြုတ်ညိုပိုးများကိုအထူးအားဖြင့်ကာကွယ်
နှိမ်နင်းရန်လိုအပ်ပါသည်။ နှမ်းစေ့စုပ်ပိုးများ၊ရွက်စားပိုးများ၊စုပ်စားပိုးများအား
ကွန်ဖူးပိုးသတ်ဆေးကိုအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။
နှမ်းရိုးမဲရောဂါများအတွက်စူပါမန်းမှိုသတ်ဆေးကိုအသုံးပြု၍ကာကွယ်
နိမ်နင်းနိုင်ပါသည်။
ရိတ်သိမ်းခြင်း :
နှမ်းသီးများရင့်မှည့်ရာတွင်အောက်ဆုံးသီးရှဉ်းများမှစတင်ဝါလာပြီး
အထက်ပိုင်းသို့တဖြေးဖြေးရင့်မှည့်ဝါလိုက်လာပါသည်။အဖျားပိုင်းရှိ
အသီးများဝါနေအောင်စောင့်ဆိုင်းနေပါက၊အောက်ပိုင်းရှိအသီးများ
ကွဲကုန်ကာ၊နှမ်းစေ့များဆုံးရှုံးရမည်ဖြစ်ပါသည်၊သို့ဖြစ်၍အဖျားပိုင်းအသီးများ
ဝါနေအောင်မစောင့်ဆိုင်းဘဲ၊အပင်ရှိအသီးဉီးရေထက်ဝက်ခန့်ဝါလာပါက
ရိတ်သိမ်းရန်ဖြစ်ပါသည်။
မျိုးအလိုက်အသီးရင့်မည့်မှုကွာခြားသဖြင့်အဖျားသီးများခွဲကြည့်၍အရောင်
များလိုက်လာပါက၊ရိတ်သိမ်းရန်လိုအပ်မည်ဖြစ်ပါသည်။နှမ်းစေ့များအရည်အသွေးကောင်းမွန်စေရန်ရိတ်သိမ်းပြီးနှမ်းစည်းများအားတိုက်ရိုက်ထောင်
ထားရန်လိုအပ်ပါသည်။
အသုံးပြုခြင်း :
နှမ်းစေ့များကိုနည်းအမျိုးမျိုးဖြင့်ကြိတ်ခွဲထုတ်လုပ်လိုက်သောနှမ်းဆီအား
အမျိုးမျိုးအသုံးပြုကြပါသည်။စားသောက်ဖွယ်ရာမုံ့အမျိုးမျိုးပြုလုပ်စား
သောက်ခြင်း။ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုခြင်း၊ကျမ်းမာရေးအတွက်
နည်းလမ်းများတွင်လည်းအသုံးပြုကြပါသည်၊ထို့ပြင်ပြည်ပနိုင်ငံများသို့တင်ပို့
ရောင်းချခြင်းဖြင့်လည်းတိုင်းပြည််အတွက်အကျိူးများစေပါသည်။အထူးသဖြင့်
ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချကြသည်။တရုတ်နိုင်ငံ၊ကနေဒါနိုင်ငံ၊နယ်သာလန်
နိုင်ငံ၊တူရကီနှင့်ပြင်သစ်နိုင်ငံများသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။
ပါဝင်သောအာဟာရဓါတ်များ :
နှမ်းသီးနှံတွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်များ၊ မင်နရယ်များ၊ရေ
စသည်တို့ပါဝင်ကြပါသည်။ကယ်လဆီယမ်၊အိုင်းယွန်း၊ဖော့စ်ပရပ်၊ပိုတက်စီယမ်၊
ဆာလဖာနှင့်ဇင့်ဓါတ်တို့ပါဝင်ကြပါသည်။
စာပေကိုးကားချက်များ :
၁။ ဆရာကြီးဒေါက်တာထွန်းဆိုင် ၏ အခြေခံစိုက်ပျိုးရေးပညာစာအုပ်။
၂။ ဝီလီကီပီးဒီးယား။
၃။ စိုက်ပျိုးရေးဉီစီးဌာန၏ သီးနှံများပန်းတိုင်အထွက်နှုန်း စာစောင်။
မြန်မာအမည် : ပဲမျိုးစုံ မှဲ့ပျောက်စွန်း ရောဂါ
အဂ်လိပ်အမည် : Anthracnose
ရောဂါဖြစ်စေသည့်သက်ရှိ : Colletotrichum lindemuthianum
နိဒါန်း :
ပဲမျိုးစုံမှဲ့ပျောက်စွန်းရောဂါသည်မှိုကြောင့်ဖြစ်စေသည့်ရောဂါဖြစ်ပါသည်။
အခြားသောနည်းလမ်းများထက်မျိုးစေ့မှတဆင့်ကူးစက်စေသည့်မျိုးစေ့
ဆောင်ရောဂါဖြစ်ပါသည်။ပဲသီးနှံများတွင်သာမကအခြားသောဟင်းသီး
ဟင်းရွက်နှင့်သီးနှံများတွင်လည်းကျရောက်ပါသည်၊ဤရောဂါကျရောက်သဖြင့်
အပူပိုင်းဒေသရှိပဲစိုက်ခင်းများတွင်အထွက်နှုန်းများစွာထိခိုက်စေသဖြင့်စီးပွား
ရေးအရနစ်နာစေပါသည်။ပဲမျိုးစုံသီးနှံအများစုသည်ရောဂါဖြစ်ပွားစေသည့်
လက်ခံပင်များပင်ဖြစ်ကြသည်။
ရောဂါလက္ခဏာ :
ပဲမျိုးစုံသီးနှံများတွင်အများဆုံးကျရောက်လေ့ရှိသည်။အပင်၏မြေပေါ်အစိတ်
အပိုင်းများဖြစ်ကြသည့်အရွက်ပင်စည်၊ရိုးတံ၊အတောင့်များ၊အစေ့များတွင်
ကျရောက်လေ့ရှိကြသည််။
အရွက်များ။ ။ အရွက်များ၏ရွက်ကြောကြားများထဲတွင်ပြေပြစ်မှုမရှိ
သောနီညိုရောင်ရှိဒေါင့်ပုံစံများကိုအပျောက်များကိုတွေ့မြင်ရသည်။အထူးသ
ဖြင့်အရွက်အောက်မျက်နှာပြင်တွင်အမဲရောင်ဖြစ်ပေါ်နေသည့်ကျဉ်းမြောင်း
သောအစင်းများကိုတွေ့မြင်ရသည်။
ပင်စည်။ ။ ပဲပင်၏ပင်စည်နှင့်ရိုးတံများပေါ်တွင်လည်းနီညိုရောင်
အနာချိမ့်များအားတွေ့မြင်ရသည်။အနာဒါဏ်ရာများသည်စက်ဝိုင်းပုံ၊ဘဲဉပုံ
စံများဖြစ်ကာရောဂါပြင်းထန်လာပါက၊ပဲပင်၏ပင်စည်များကိုတစ်ပါတ်လည်
ဝိုင်းထားသကဲ့သို့ဖြစ်နေသည်။
ပဲသီးတောင့်များ
အတောင့်များပေါ်တွင်မူ၊သေးငယ်ပြီးနီညိိုရောင်စက်ဝိုင်းပုံစံအပျောက်များအား
တွေ့ရှိရသည်။အသီးနုများပေါ်ကျပါကအပျောက်များသည်သံချေးရောင်ရှိကာ။
အရွယ်အစားကြီးမားလာပါကနီညိုရောင်အရစ်ဖြင့်ဝိုင်းရံထားသောအနာချိမ့်
ခွက်များဖြစ်လာသည်၊ပဲသီးတောင့်များသည်ကြီးထွားမှုပုံစံပျက်စီးသွားသည့်
အပြင်၊တွန့်လိမ်ရှံ့တွသွားစေသည်။
အစေ့အဆန်များ
ပဲစေ့များပေါ်တွင်ရောဂါဆက်လက်ကူးစက်မှုဖြစ်လာပါက၊အစေ့များပေါ်တွင်
အဝါရောင်မှအညိုရောင်ဒါဏ်ရာများကိုတွေ့နိုင်သည်။ပဲစေ့များမှာကြီးထွား
ဖွံ့ဖြိုးလာမှုမရှိတော့ပါ၊ရောဂါကျရောက်ထားသည့်ပဲစေ့များသည်အပင်ပေါက်
နှုန်းကောင်းမွန်ခြင်းမရှိတော့ချေ။
စိုက်ခင်းအတွင်းတွင်ခြောက်နေသောပဲပင်များနှင့်အကိုင်းများအားနေရာအနှံ့
တွေ့ရှိရခြင်းသည်မှဲ့ပျောက်စွန်းရောဂါကျရောက်နေသည်ကိုထင်ရှားစွာဖေါ်
ပြနေသည့်လက္ခဏာများပင်ဖြစ်ပါသည်။
ရောဂါပြန့်နှံ့ပုံ :
မျိုးစေ့မှတဆင့်ကူးစက်စေသဖြင့်ရောဂါကျရောက်သောမျိုးစေ့များကိုစိုက်ပျိုး
ခြင်းမပြုသင့်ချေ။စိုက်ခင်းအတွင်းတိုက်ခတ်သောလေ၊ ရွာသွန်းသောမိုးရေ
သွင်းရေတို့မှတဆင့်ကူးစက်ပြန့်နှံ့ကြသည်။ရောဂါဖြစ်စေသည့်သက်ရှိမှိုသည်
မျိုးစေ့အတွင်းတာရှည်စွာအသက်ရှင်သန်နေနိုင်စွမ်းရှိသည်။ရာသီဉတုသည်
ပူနွေးစွတ်စိုထိုင်းမှိုင်းနေပါက၊ရောဂါပိုမိုပြန့်နှံ့လွယ်ကူစေသည်။အပူချိန်
( ၁၈ ဒီဂရီစင်တီဂရိတ်နှင့် ၂၅ ဒီဂရီစင်တီဂရိတ်အကြားတွင်ရောဂါလက္ခဏာများ
စတင်ဖြစ်ပေါ်လာသည်ကိုတွေ့ရှိနိုင်သည်။ရောဂါရမှိုသည်သီးနှံတစ်ရာသီမှ
တစ်ရာသီသို့ပဲမျိုးစေ့၏အစေ့ခွံအတွင်းခိုးအောင်းခြင်းသာမက၊သီးနှံပင်အကြွင်း
အကျန်များတွင်ခိုအောင်းကာ၊ကူးစက်ပြန့်နှံ့စေပါသည်။
ကာကွယ်နှိမ်နင်းခြင်း :
၁။ ရောဂါကင်းစင်ပြီးသန့်စင်သောမျိုးများကိုသာရွေးချယ်စိုက်ပျိုးပါ။
၂။ ပဲမျိုးနွယ်ဝင်မဟုတ်သည့်အခြားသီးနှံများကိုအလှည့်ကျစိုက်ပျိုးပါ။
၃။ ရောဂါရပင်ကြွင်းပင်ကျန်များကိုမီးရှို့ဖျက်ဆီးပါ။
၄။ ရာသီဉတုစွတ်စိုထိုင်းမှိုင်းသောခြေအနေမျိုးတွင်စိုက်ပျိုးရိတ်သိမ်းခြင်းမပြုရ။
၅။ ရောဂါရ အသီးအတောင့်အစေ့များကိုဖယ်ရှားပြစ်ပါ။
၆။ အေဇိုပါဝါ ( ၃၂. ၅ ) ရာခိုင်နှုန်း အက်စီဖြစ်သည့်မှိုသတ်ဆေးကိုအသုံးပြု၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။
မြန်မာအမည် : ပဲမျိုးစုံဖားဉမှိုရောဂါ
အဂ်လိပ်အမည် : Powdery Mildew
ရောဂါဖြစ်စေသည့်သက်ရှိ : Erysiphe polygoni
နိဒါန်း :
စိုက်ပျိုးသီးနှံတော်တော်များများတွင်ကျရောက်တတ်သောရောဂါဖြစ်သည်။
Erysiphaceae မျိုးရင်းတွင်ပါဝင်ကာကျရောက်ပါကစီးပွားရေးဆုံးရှံးစေနိုင်
သည်။သီးနှံအထွက်နှုန်းကျဆင်းစေယုံမက၊သီးစားသီးနှံများတွင်အရည်အသွေး
ညံ့ဖျင်းစေသည်။အချိန်တိုအတွင်းတပင်လုံးသို့ပြန့်နှံကာရောဂါဖြစ်ပွားစေသဖြင့်
အလေးထားကာနှိမ်နင်းသွားရန်အထူးလိုအပ်ပါသည်။
ရောဂါလက္ခဏာ :
ရောဂါဖြစ်စေသည့်သက်ရှိမှိုသည်ပဲသီးနှံများ၏အရွက်များကိုစတင်တိုက်ခိုက်
ကြသည်။ဤရောဂါကျရောက်ပါကရောဂါလက္ခဏာများသည်ကွဲပြားကြသည်။
ပဲပင်မှာရှေးဉီးစွာအားနည်းသွားသည့်အပြင်အရောင်အဆင်းအနည်းငယ်ပျက်စီးသွားသည်။ရောဂါဖြစ်စေသည့်မှိုမျှင်များကြီးထွားလာမှုကြောင့်ပေါင်ဒါမှုန့်သဖွယ်
အဖြူရောင်အစက်အပျောက်များကို၊အရွက်များပေါ်တွင်တွေ့မြင်ရသည်။
အရွက်နှင့်ပင်စည်ပေါ်တွင်အဖြူရောင်အမှုန့်များကိုစတင်တွေ့မြင်နိုင်သည်။
အောက်ဆုံးအရွက်များမှာရောဂါပြင်းထန်စွာကျသည့်အပြင်မကြာမှီအပင်၏
အပေါ်ပိုင်းများဆီသို့ရောဂါပြန့်နှံ့သွားသည်။အသီးတောင့်များထိရောဂါဖြစ်ပွား
စေသဖြင့်အစေ့အဆန်အောင်မြင်ခြင်းနည်းပါးသွားသည်။ဖြစ်ပေါ်လာသောအ
စေ့အဆန်များသည်အရည်အသွေးအလွန်ပင်ညံ့ကာဈေးကွက်မဝင်တော့ချေ။
ရောဂါကျရောက်မှုပြင်းထန်လွန်းပါကအရွက်များတွင်သာမကပဲပင်တစ်ပင်လုံး
ကိုပါပေါင်ဒါမှုန့်များဖြူးထားသကဲ့သို့ဖြစ်ပေါ်နေသည်။အရွက်များသည်လည်း
ပုံမမှန်ဖြစ်လားပြီးအရောင်မှာအဝါရောင်သန်းကာနောက်ဆုံးသေဆုံးသွားသည်။
အသီးတောင့်များမှာလည်းသေးကွေးကြုံလှီပြီး၊ပုံစံပျက်လာ၍၊တွန့်ခြောက်ကာ၊
ဆုံးရှံးသွားရသည်။
ရောဂါသံသရာ :
ဖားဉမှိုရောဂါဖြစ်စေသည့်သက်ရှိများ၏မှိုစပိုးများသည်လေနှင့်အတူပြန့်နံ့ကာ
အခြားအပင်များဆီသို့ကူးစက်စေသည်။ပဲပင်များ၏ကြီးထွားနေဆဲအဆင့်တိုင်း
ကိုဝင်ရောက်တိုက်ခိုက်ကြသည်။ရောဂါဖြစ်စေသည့်မှိုသည်ရောဂါရအစေ့များ၊
သီးနှံပင်အကြွင်းအကျန်များနှင့်၊မြေကြီးထဲတွင်ခိုအောင်းနေနိုင်ကြသည်။လေ၊
ရေ၊မိုးရေ၊အင်းဆက်များ၊စိုက်ခင်းအတွင်းလူသားများမှတဆင့်မှိုစပိုးများသည်
တခင်းမှတခင်းသို့ကူးစက်ပြန့်နှံ့ကြသည်။
ရောဂါဖြစ်ပွားရန်အားပေးမှုအခြေအနေများ :
ပူနွေးသောအပူချိန် ( ၁၅ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်ထိ )
စွတ်စိုထိုင်းမှိုင်းမှုအခြေအနေ ( ၇၀ ရာခိုင်နှုန်းအထက် ) ရှိသောအခြေအနေ
များတွင်ကြီးထွားနေဆဲပဲပင်များတွင်၊ ( ၄ ရက် ၅ ရက်အတွင်း) ရောဂါကျ
ရောက်စေနိုင်သည်။အေးပြီးခြောက်သွေ့သောရာသီမျိုးတွင်ဖားဉမှိုရောဂါ
ပိုမိုဖြစ်ပွားစေသည်။ပန်းပွင့်ချိန်နှင့်အစေ့အဆန်များဖြစ်ထွန်းနေဆဲကာလများ
တွင်ရောဂါကျရောက်မှုပြင်းထန်ပါသည်။
ကာကွယ်နှိမ်နင်းခြင်း :
၁။ ပဲပင်အကြွင်းအကျန်များကိုဖျက်ဆီးပြစ်ပါ။
၂။ ဒေသအလိုက်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
၃။ ပဲမျိုးနွယ်ဝင်မဟုတ်သည့်သီးနှံများဖြင့်အစားထိုးစိုက်ပျိုးပါ။။
၄။ စတားကိုနာဇော်လ် ၂၅ ရာခိုင်နှုန်း အီးစီ မှိုသတ်ဆေးကို ရေ (၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတွင် ဆေးရည် ( ၂၀ စီစီ မှ ၃၀ စီစီ ) ထိထည့်သွင်း ကာအပင်ရောဂါလက္ခဏာစတင်ပြလျှင်ပြခြင်းအသုံးပြုပက်ဖျန်းပါ။
နိဒါန်း :
ကြက်သွန်နီသည်အမိမြန်မာနိုင်ငံတွင်စားဖိုချောင်သီးနှံအဖြစ်အများဆုံးအသုံး
ကြသည့်သီးနှံဖြစ်ပါသည်။စားသုံးရန်အတွက်နည်းလမ်းအမျိုးမျိုးဖြင့်ချက်ပြုတ်
ကျော်လှော်ကာအသုံးပြုကြသည်။ထို့အပြင်ကြက်သွန်နီအားနေ့စဉ်စားသုံးခြင်း
ဖြင့်ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ပြည်တွင်းစားသုံး၍
ပိုလျှံသည်များကိုပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်တိုင်းပြည်အတွက်နိုင်ငံခြား
ငွေရှာဖွေပေးသဖြင့်အထူးအရေးပါသောလယ်ယာထွက်ကုန်ပစ္စည်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍အရည်အသွေးကောင်းမွန်ပြီး၊အထွက်နှုန်းတိုးတက်မြင့်မားလာစေရန်
အတွက်စနစ်ကျစွာစိုက်ပျိုးထုတ်လုပ်သွားကြရန်လိုအပ်ပါသည်။
ကြက်သွန်နီ သီးနှံ သဘာဝ :
ကြက်သွန်နီသည်နှစ်နှစ်ခံသီးနှံမျိုးဖြစ်သော်လည်းအများဆုံးတနှစ်ခံပင်အဖြစ်
စိုက်ပျိုးကြသည်။အေးသောရာသီတွင်အပင်ဖြစ်ထွန်းသန်စွမ်းကာဉများကြီးထွား
စေမှုအတွက်ပူသောရာသီကိုဖြတ်သန်းကြရပါသည်။ကြက်သွန်နီဉများဖြစ်ပေါ်လာစေမည့်အောက်ခြေရှိအရွက်များသည်သေးသွယ်ကျဉ်းမြောင်းကာခေါင်းပွ၍
ချိမ့်ဝင်နေကြသည်။ရုက္ခဗေဒအလိုအားဖြင့်ကြက်သွန်နီကို ( Allium cepa )ဟု
ခေါ်ဆိုကြပါသည်။ကြက်သွန်နီဆိုသည်မှာလက်တင်ဘာသာအားဖြင့်ဉတစ်မျိုး
တည်းဟုအဓိပ္ပါယ််ရပါသည်။ကြက်သွန်သီးနှံသည်မျိုးအလိုက်ရိတ်သိမ်းရန်မှာ
ရက်ပေါင်း ( ၈၀ မှ ၁၅၀ ) အထိကြာမြင့်ပါသည်။အမြစ်တိုသည့်သီးနှံဖြစ်ကာ
မြေဆီလွှာအတွင်းတစ်လက်မကျော်ကျော်ထိတိုးဝင်နိုင်သော်လည်းဘေးသို့ကိုမူ
အနည်းဆုံးတစ်ပေခန့်ထိဖြာထွက်နိုင်ပါသည်။
ရာသီဉတု :
ကြက်သွန်သီးနှံကိုအပူအအေးသင့်တင့်မျှတသောအပူပိုင်းဒေသများတွင်စိုက်
ပျိုးဖြစ်ထွန်းနိုင်သည်။မိုးရွာသွန်းမှုများလွန်းခြင်း၊အအေးလွန်ကဲခြင်း၊ပူလွန်း
ခြင်းမရှိသည့်ရာသီဉတုမျိုးတွင်စိုက်ပျိုးဖြစ်ထွန်းသည်။အစောပိုင်းကာလအပင်
ဖြစ်ထွန်းမှုအတွက်သင့်တင့်သည့်အပူချိန်ကိုလိုအပ်သော်လည်းနောက်ပိုင်းဉများ
ကြီးထွားဖွံ့ဖြိုးရန်အတွက်မူအပူချိန်မြင့်မားရန်လိုအပ်ပါသည်။အပင်ကြီးထွားစေ
ရန်အတွက် ( ၁၃ ဒီဂရီစင်တီဂရိတ်မှ ၂၄ ဒီဂရီစင်တီဂရိတ်) နှင့်ဉများကြီးထွား
လာစေရန် အတွက်အပူချိန်( ၁၆ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်အထိ)
အသီးသီးလိုအပ်ပါသည်။ပါတ်ဝန်းကျင်စွတ်စိုထိုင်းမှိုင်းမှု (၇၀) ရာခိုင်နှုန်းခန့်
ရှိရန်လိုပါသည်။တနှစ်ပါတ်လုံးမိုးရေချိန်လက်မသုံးဆယ်အထက်နှံနှံစပ်စပ်ရွာ
သွန်းရန်လိုပါသည်။မိုးများလွန်းသောဒေသများတွင်စိုက်ပျိုးရန်မသင့်တော်ချေ။
မြေအမျိုးအစား :
ရေစီးရေလာကောင်းစွာစီးဆင်းပြီးမြေဆီဩဇာကြွယ်ဝသောမြေမျိုးများတွင်
စိုက်ပျိုးရန်အကောင်းဆုံးဖြစ်ပါသည်။မြေစေး၊နံးမြေ၊သဲနံးမြေများတွင်လည်း
စိုက်ပျိုးဖြစ်ထွန်းသည်။သဲပါဝင်မှုများသည့်သဲနုံးမြေများတွင်မူဆာလဖာဓါတ်
ပါဝင်မှုနည်းသောကြောင့်အရည်အသွေးသင့်တင့်မှုသာရှိနိုင်သည်။ဩဂဲနစ်
ကြွယ်ဝကာ၊အစိုဓါတ်ကိုထိမ်းထားနိုင်သည့်မြေစေးများတွင်စိုက်ပျိုးပါကအရည်
အသွေးမြင့်မားသောကြက်သွန်နီဉများကိုရရှိစေပါသည်။သို့ဖြစ်ပါ၍မြေအဆင့်
အတန်းသာလွန်ကောင်းမွန်သောမြေများတွင်စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်
မြေချဉ်ငံကိန်းအရ ( ၆. ၀ မှ ၇.၅ ) အတွင်းရှိရန်လိုအပ်ပါသည်။ရေဝပ်ပြီးအချဉ်
ဓါတ်များလွန်းပါကစိုက်ပျိုးရန်မသင့်တော်ချေ။အငံဓါတ်များလွန်းမှုမရှိသောမြေ
မျိုးတွင်စိုက်ပျိုးနိုင်ပါသည်။
မျိုးရွေးချယ်ခြင်း :
မိမိတို့စိုက်ပျိုးမည့်ဒေသရှိရာသီဉတုနှင့်သင့်တော်ပြီးအရည်အသွေးသာလွန်ကာ အထွက််နှုန်းကောင်းမွန်သည့်မျိုးများကိုရွေးချယ်စိုက်ပျိုးရန်အထူးလိုအပ်ပါသည်သို့မှသာတူးဖော်ရောင်းချရာတွင်ဈေးကွက်ရောင်းတန်းဝင်သည့်အရည်အသွေးမြင့်မားသည့်ထွက်ကုန်များကိုရရှိပေမည်ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ် :
ကြက်သွန်နီသီးနှံကိုစိုက်ပျိုးရာတွင်မိုးစိုက်နှင့်ဆောင်းရာသီပျိုးထောင်စိုက်နည်း
ဟူ၍စိုက်ပျိုးကြပါသည်။မိုးရာသီတွင်စိုက်ပါကကြက်သွန်မျိုးဉကိုစိုက်ပျိုးခြင်း
ဖြစ်သည်။ဉစိုက်ဒေသအခေါ်မြိတ်စားကိုစိုက်ပျိုးခြင်းဖြစ်သည်။ဝါခေါင်လဆန်းမှ
တော်သလင်းလပြည့်အတွင်းအများဆုံးစိုက်ပျိုးကြသည်။ရွှေဖလားထိပ်မောက်
မျိုးများအားအစိုက်များကြသည်။တူးဖော်ရန်အတွက်မူရက်ပေါင်း (၁၂၀ )ထိကြာ
ပါသည်။အချို့ဒေသများတွင်အကြီးအကျယ်စိုက်ပျိုးကြသည်။အထွက်နှုန်းသင့်
တော်သော်လည်းမိုးမိပါကအပျက်အစီးများတတ်သည်။သို့သော်ရောင်းချရာတွင်
မူဈေးကောင်းရနိုင်သဖြင့်အကျိုးများစေပါသည်။ဆောင်းရာသီပင်စိုက်ကိုမူသီ
တင်းကျွတ်လပြည့်နေ့အနီးတွင်စတင်ပျိုးထောင်ကာပျိုးသက် (၄၅) ရက်သားအ
ရတွင်စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြစ်ပါသည်။ကြက်သွန်သီးနံသည်အေး
သောရာသီနှင့်ပူသောရာသီနှစ်မျိုးစလုံးဖြတ်သန်းကျော်လွှားကြရသဖြင့်အရမ်း
စောလွန်းပါကသီးနှံအရည်အသွေးကျဆင်းနိုင်သည်ကိုသတိပြုရန်လိုပါသည်။
ပျိုးခင်းစိုက်ခင်းမြေပြုပြင်ခြင်း :
ကြက်သွန်သီးနှံကိုစိုက်ပျိုးရာတွင်တောင့်တင်းခိုင်မာကာသန်စွမ်းသည့်ပျိုးပင်
များရအောင်ဆောင်ရွက်ခြင်းနှင့်ရွှေ့ပြောင်းစိုက်ရာတွင်အရည်အသွေးကောင်း
ဉများရစေရန်အတွက်ဆောင်ရွက်ခြင်းလုပ်ငန်းများသည်အလွန်အရေးကြီးသည့်
လုပ်ငန်းစဉ်များပင်ဖြစ်ပါသည်။ပျိုးခင်းစိုက်ခင်းနှစ်မျိုးလုံးတွင်ပေါင်းမြက်များ
ကင်းအောင်ဆောင်ရွက်ခြင်း၊ရေစီးဆင်းမှုကောင်းစေခြင်း၊လိုအပ်သည့်သဘာဝ
မြေဩဇာနွားခြေး၊မြေဆွေးများထည့်ပေးခြင်းတို့ကိုဆောင်ရွက်ထားရန်လိုအပ်
ပါသည်။ပေါင်းမြက်များကင်းရှင်းစေရန်အတွက်မစိုက်မှီနှင့်စိုက်ပျိုးပြီးနောက်တွင်ပေါင်းသတ်ဆေး(ခရက်(ဇ်)ကိုအသုံးပြုနိုင်ပါသည်။ပျိုးခင်းဘောင်များနှင့်စိုက်ခင်းဘောင်များအားအစိုဓါတ်ထိမ်းသိမ်းရန်အတွက်မြေယာပြုပြင်ခြင်းများကိုပြုလုပ်ရန်လိုအပ်ပါသည်။ပျိုးခင်းနှင့်စိုက်ခင်းများတွင်မြေသားဖွဲ့စည်းမှုပိုမိုအားကောင်းရန်အတွက်စိုက်ခင်းများတွင်(BestG-၂၄)ဂျစ်ပဆန်ကျောက်မှုန့်မြေဩဇာကိုတစ်ဧကလျှင်(၂)အိပ်နှုန်းခန့်ထည့်ပေးရန်လိုပါသည်။ကောင်းမွန်သန့်စင်သည့်ကြက်သွန်မျိုစေ့များကိုပျိုးခင်းတွင်စနစ်ကျစွာဆောင်ရွက်ပြီးပျိုးသက်(၄၅)ရက်အရတွင်စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးကြရပါသည်။
မြေဩဇာအသုံးပြုခြင်း :
ကြက်သွန်သီးနှံသည်နိုက်တြိုဂျင်ဓါတ်ကိုအများဆုံးစုပ်ယူစားသုံးကြပါသည်။
အပင်ဖြစ်ထွန်းချိန်၊ဉများဖြစ်ပေါ်ချိန်တို့တွင်အများဆုံးလိုအပ်သော်လည်းလွန်
ကျူးစွာကျွေးပါကဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေသည်ကိုသတိထားရန်လိုအပ်
ပါသည်၊ (Best NPK 15-15-15 ) ကွန်ပေါင်းမြေဩဇာကိုစိုက်ခင်းအတွင်းစိုက်
ချိန်တွင်တစ်ဧကလျှင်အနည်းဆုံးတစ်အိပ်နှုန်းကျွေးပေးရန်လိုပါသည်။စိုက်ခင်း
မြေသားဖွဲ့စည်းမှုညံ့ဖျင်းပါက တစ်ဧကလျှင်နှစ်အိပ်နှုန်းခန့်ကျွေးပေးရန်လိုပါ
သည်။လိုအပ်သောနိုက်တြိုဂျင်ဓါတ်အတွက် (Best 21 ) မြေဩဇာကိုမြေအမျိုး
အစားအလိုက်တစ်ဧကအနည်းဆုံးနှစ်အိပ်ခန့်သုံးပေးရန်လိုအပ်ပါသည်။ထို့အတူကြက်သွန်ပင်များကြီးထွားနေဆဲကာလများတွင်အနည်းလိုအာဟာရဓါတ်များနှင့်နိက်တြိုဂျင်ဓါတ်တို့ရစေရန်ရွက်ဖျန်းမြေဩဇာ ( Best 30 :12:12 )
ကိုအသုံးပြုရန်လိုပါသည်၊ကြက်သွန်ဉများကြီးထွားနေဆဲကာလများတွင်ကြက်
သွန်ဉများပိုမိုကြီးထွားလာစေပြီးအရည်အသွေးကောင်းမွန်စေရန်အတွက်ရွက်
ဖျန်းမြေဩဇာ (Best 0: 42 : 42 ) ကိုပက်ဖျန်းရပါမည်။ကြက်သွန်ဉအနံ့အရ
သာကောင်းမွန်စေရန်အတွက်ဆာလဖာပါဝင်သည့်ဆာလဖာအားဖြည့်နိုက်တြို
ဂျင်မြေဩဇာ ( Best- 21 ) ကိုအပင်အတွက်အလီလီခွဲဝေကျွေးပေးရန်လိုအပ်
ပါသည်။
ပိုမွှားရောဂါကာကွယ်ခြင်း :
အဓိကကျရောက်ဖျက်ဆီးသည့်ပိုးမှာစုပ်စားပိုးဖြစ်သည့်လှေးပိုးများပင်ဖြစ်သည်
လှေးပိုးများကိုကာကွယ်ရန်အတွက်၊ဘစ်ရိုး (၂၀၀ ) အက်စီကိုအသုံးပြု၍ကာ
ကွယ်နိုင်ပါသည်။ထို့အတူကြက်သွန်ဉများအရည်အသွေးအထွက်နှုန်းကိုထိခိုက်
စေသည့်ကြက်သွန်တောက်တဲ့မီးရောဂါကိုမူ အေဇိုပါဝါ မှိုသတ်ဆေးကိုအသုံးပြု
၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။
တူးဖော်ခြင်း :
ကြက်သွန်အလက်များခြောက်သွေ့လာကာဉများရင့်မှည့်ကြီးထွားလာပါက
စနစ်တကျတူးဖော်ရန်အရေးကြီးပါသည်၊တူးဖော်ပြီးဉများကိုသန့်ရှင်းရေး
ဆောင်ရွက်၍လေဝင်လေထွက်ကောင်းမွန်သည့်အဆောက်အဉီးများတွင်သို
လှောင်သိမ်းဆည်းထားနိုင်ပါသည်။