စနိုက်ပါ ၂၅% ဒဗလျူဒီဂျီ
ထုတ်ပိုးမှု :
Active Ingredient : Thiamethoxam
Group : New Nicotinoid Compound Second Generation
Controlled pests : ပျများ၊ ယင်ဖြူများ၊လှေးပိုးများ၊ အစေ့အဆန်စုပ်ဂျပိုးများ၊ စပါးဖြုတ်ပိုးများ၊ ပိုးစေးနှဲများ၊ အာလူးတိုးပိုးကျိုင်းများ၊ လှေးသန်းများ၊ သန်ကောင်၊ရွက်ထွင်းပိုးများ၊မြေအောင်းချများ၊ မြေခွေးပုရစ်များ၊ စပ်းဖြူတ်ညိုများ၊ စုပ်စားပိုးများ၊ ငမြှောင်တောင်ထွာကောင်စိမ်းများ၊
အလုပ်လုပ်ပုံ : ဖျက်ပိုးများသည်ဆေးပက်ထားသောသီးနှံပင်၏အစိတ်အပိုင်းများအားစားသောက်မိခြင်း၊ သို့မဟုတ် သစ်ရည်ကိုစုပ်ယူခြင်းဖြင့်ခန္ဓာကိုယ်တွင်းသို့ဆေးအာနိသင်များရောက်ရှိသွားပါသည်၊ ဖျက်ပိုများသည်လည်းတဆန့်ငင်ငင်လှုပ်လှုပ်ရွရွဖြစ်လာသည့်အပြင်အကြောများဆွဲလာ၍တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်လာပြီးနောက််ဆုံးတွင်သေဆုံးသွားပါသည်။
အားသာချက်များ :
- ဤပိုးသတ်ဆေးသည်အင်းဆက်ဖျက်ပိုးများ၏နဗ်ကြောလုပ်ဆောင်မှုများအားတိတိကျကျနှောင့်ယှက်ကြသည်။ အပင်များပေါ်တွင်တစ်ကြိမ်တစ်ခါစားသောက်ခြင်းသို့မဟုတ်ပိုးသတ်ဆေးနှင့်ထိတွေ့စေခြင်းဖြင့်ဖျက်ပိုးများ၏စားသောက်ခြင်းသည်နဂိုပုံမှန်မဟုတ်တော့ပါ။ ဖျက်ဆီးမှုများသည်လည်းလုံးဝရပ်ဆိုင်းသွားပါသည်။
- ဤပိုးသတ်ဆေးသည်အင်းဆက်များကြီးထွားမှုအဆင့်တိုင်းအတွက်အလုပ်လုပ်ကြသည်။ ဉဘဝ၊လောက်ကောင်ဘဝ၊အကောင်ကြီးအဆင့်တိုင်းထိဆေးအာနိသင်ထိရောက်ထက်မြက်ပါသည်။ အင်းဆက်များ၏စားသောက်ပုံစံများအရစုပ်စားပိုးများသာမက၊ကိုက်ဖြတ်ဝါးစားပိုးများကိုပါထိရောက်မှုရှိပါသည်။ ပျားများအတွက်မူအန္တာရာယ်များပါသည်။အကျိုးပြုပိုးများအတွက်မူအဆိပ်သင့်မှုအားနည်းပါသည်။ အပင်ကိုကြံ့ခိုင်မှူပိုကောင်းလာကာ၊အရည်အသွေးပိုကောင်းမွန်ပြီးအထွက်တိုးစေပါသည်။
သုံးစွဲပုံ : မျိုးစေ့လူးနယ်ဆေးသာမကမြေပြင်သတ်ဆေးအနေဖြင့်လည်းသုံးနိုင်ပါသည်။ ဆေးပက်ထားခြင်းဖြင့်ဆေးအာနိသင်သည်အရွက်များမှတဆင့်အမြစ်ဆီသို့ရောက်ကာတစ်ပင်လုံးပြန့်နှံ့စေပါသည်။ စိုက်ပျိုးချိန်တွင်မြေကြီးထယ်ကြောင်းထဲသို့ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိကာ၊ထိသေစားသေပိုးသတ်ဆေးဖြစ်ပါသည်။
ဆေးနှုန်းထား : ရေ (၁၆)လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် (၁၀)ဂရမ်နှုန်းထည့်သွင်းအသုံးပြုကာပက်ဖျန်းနိုင်ပါသည်။